မိန်းမသားချင်းလဲ မညှာတာကြတော့ပါ

“တပည့်တော်သိရသလောက်တော့ ကြားဘူးဖတ်ဘူးခဲ့သလောက်တော့ မိန်းမသားတွေဟာ တော်တော်စိတ်နှလုံးနူညံ့ကြတယ်လို့ ဖတ်ဘူးကြားဘူးပါတယ်။
ဘာကြောင့်လဲကို မသိတော့ပါဘူးဘုရား တဖြည်းဖြည်းနဲ့ မိန်းမသားတွေပါ စိတ်ဓာတ်တွေကြမ်းရှရှ ဖြစ်လာကြပြီ။

ဒီနေ့ သံလမ်းမှတ်တိုင်ကနေ တပည့်တော်စီးလာတဲ့ကားပေါ်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် တက်လာပါတယ်၊ ကျောင်းရှေ့မှတ်တိုင်ရောက်တဲ့အထိ ဘယ်သူကမှ ခုံကိုဖယ်မပေးကြဘူး၊ မနေသာတော့တာနဲ့ ကိုယ်ပဲဖယ်ပေးလိုက်ပါတယ်။

ကိုယ်ချင်းပဲမစာကြတာလား ကိုယ်ချင်းစာရဲ့သားနဲ့ နေရာလေးတစ်ခုကို မစွန့်လွှတ်နိုင်တာလားဆိုတာ ကားပေါ်ကထဲကတွေးလာတာ ခုထိကိုအဖြေမပေါ်သေးဘူးဘုရား…။

ကားပေါ်ပါလာတဲ့ အမျိုးသမီးအများစုကလဲ အရွယ်အပိုင်းအခြားအရ ကလေးမွေးဘူး ကိုယ်ဝန်ဆောင်ဘူးကြမဲ့ သူတွေဖြစ်လောက်ပါတယ်။ ဒါကိုယ်ချင်းမစာနာနိုင်တာတော့ တော်တော်လူစိတ်ကင်းမဲ့တာပဲလို့ ထင်တယ်ဘုရား…။

အားကောင်းမောင်းသန် ယောကျာင်္းကြီးတွေလဲ ကားပေါ်ပါကြပါတယ်။ သူတို့ကလဲ တုပ်တုပ်မျှတောင်မလှုပ်ပါဘူး။ သူတို့ငယ်ငယ်က သူငယ်တန်းမှာကျက်ခဲ့တဲ့ အားငယ်သူကို အားပေးပါ လဲနေသူကို ထူပေးပါဆိုတဲ့စားသားတွေလဲ မေ့သွားကြပြီးထင်တယ်ဘုရား…။

ဒီလိုလူတွေက သူတို့ အသက်၆၀ ၇၀လောက်ဆိုရင် သူတို့ရဲ့မြေးတွေမြစ်တွေကို အရှက်မရှိတဲ့ပါးစပ်တွေနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ဆုံးမကြတော့မယ်ဘုရား..အံ့သြစရာကောင်းလိုက်တာ။
ကိုယ်မလုပ်နိုင်တဲ့အလုပ် ကိုယ်မလုပ်ခဲ့တဲ့အလုပ် တကယ်ကောင်းတယ်လို့ ကိုယ်တိုင်လဲမခံစားခဲ့ဘူးပဲ နဲ့ မစားရ၀ခမန်း တံထွေးတွေစင်အောင် ဆုံးမကြမှာကြီးကို တွေးကြည့်ပြီး တပည့်တော်ရယ်ချင်လိုက်တာဘုရား..။

တပည့်တော်တို့နိုင်ငံဟာ ရုပ်ဝတ္ထုပိုင်းရယ်မဟုတ်ဘူး စိတ်ဓာတ်စာရိတ္တပိုင်းပါ တဖြည်းဖြည်း ဆုတ်ယုတ်လာတယ်လို့ တပည့်တော်တော့ထင်တယ်ဘုရား..။
တစ်ခါတစ်လေဆိုရင် တပည့်တော်ကားပေါ်တက်သွားတဲ့အခါမှာ စပါယ်ရာက ညာဘက်ခြမ်း သံဃာတော်ခုံပေါ်က အမကြီးတို့ နေရာဖယ်ပေးပါ သံဃာတော်ကြွလာပါတယ်လို့ အော်တာတောင် မကြားချင်ယောင်ဆောင်ပြီး ဖယ်မပေးကြဘူးဘုရား။

အဲဒီ..မိန်းမကြိးတွေ လူကြီးတွေကိုနောက်ကလိုက်ကြည့်လိုက် သူတို့လောက်ရတနာသုံးပါးကို ရိုသေလေးစားတဲ့သူမရှိဆိုတဲ့ လူတွေဘုရား..အံမယ်..ကားပေါ်ကလှမ်းမြင်ရတဲ့ စေတီတော်ကို လက်အုပ်ကလေးတောင် ချီလိုက်သေးတယ်။

ရိပ်သာတို့ ဥပုသ်ကျောင်းတို့မှာ သွားကြည့်ရင်လဲ သူတို့ပဲရှေ့ဆုံးက ..။

ဒီလို တဖြည်းဖြည်း စိတ်ဓာတ်တွေ ကြမ်းရှရှဖြစ်လာကြတာ စားဝတ်နေရေး အဆင်မပြေလို့ ငါးနိုင်ငါးစား ဖားနိုင်ဖားစား လောကကြီးထဲမှာ ကျင်လည်ရတာတွေများပြီး သွေးအေးအေးနဲ့ ရက်စက်တတ်များသွားကြတာလား..။
ပင်ကိုယ်ကိုက အသိစိတ်ဓာတ်ကင်းမဲ့ အညှာအတာမဲ့ကြတာလား လူကြီးသူမများရဲ့ဆိုဆုံးမှုမကို ငယ်ငယ်ကမခံယူကြဘူးလို့လား မရက်စက်ချင်ပဲ ရက်စက်ခဲ့ရတာတွေများပြီး အကြင်နာတွေကင်းမဲ့သွားကြတာလား…လား…လား…နဲ့ လားပေါင်းများစွာကို တပည့်တော်အခုထိ အဖြေမထုတ်နိုင်သေးဘူးဘုရား။

အရှင်ဘုရားတို့ အဖြေထုတ်နိုင်ရင်လဲ တပည့်တော်ကို ပြောပြကြပါဦးဘုရား..။
ကိုင်း…နှုတ်ဆက်ခဲ့တယ်ဘုရား။ တပည့်တော် ဇာတိပ္ဖိုလ်သီးအကြောင်း သွားသင်လိုက်ဦးမယ်..။´´

သူက..မစ်ရှင်မေဂျာက ကျောင်းသားရဟန်းတော်တစ်ပါးပါ။ သူတို့မေဂျာက တိုင်းရင်းဆေးပါတာမို့ ဇာတိပ္ဖိုလ်သီးလို့ ပြောသွားတာထင်ပါတယ်။

သူကပြောချင်ရာတွေ ပြောပြီး ထွက်သွားခဲ့ပေးမဲ့ ကျန်ရစ်တဲ့ကိုယ်တွေကတော့ အတွေးတွေတသီကြီး နဲ့ခရေပင်ကြီးအောက်မျာ ကျန်ခဲ့ပါတော့တယ်..။

သူပြောခဲ့တဲ့..လား..ပေါင်းများစွာကို အဖြေထုတ်ရင်းပေါ့…။
………………………………………………………………………………အရှင်ခေမာနန္ဒ(မိုးသု-မန္တလေး)

myanmarnetwork.net မှ ကူးယူတင်ပြပေးခြင်းဖြစ်ပါသည်။(မိုးချမ်းမြေ့)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

  • Enter your email address to subscribe to this blog and receive notifications of new posts by email.

    Join 6 other followers

  • %d bloggers like this: