ပဟေဠိတိတ်တိတ်ပုန်း

ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို “နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ “ချော်လဲတယ်”လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ” လို့ မှာလိုက်တယ်။

နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။ မပြောင်းခင် ရွာသူကြီးကို “ချော်လဲတယ်”ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။

ရွာထဲ မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။ အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ်။

“သူကြီး… ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ ချော်လဲတာ ၃ ခါရှိပြီဗျ”

…………………………………………………………………………………………………………………………

သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊ ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”
……………………………………………………………..

မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ နောက်မီးလင်းနေတုန်းမှာ အိမ်ရှင်ယောက်ျား တံခါးဖွင့်သံကို ကြားလိုက်တယ်။

“မြန်မြန်…. ဒီထောင့်မှာရပ်နေ.. မလှုပ်နဲ့”

မိန်းမကပြောပြောဆိုဆို သူ့ကိုထောင့်တစ်နေရာမှာ ရပ်ခိုင်းပြီး တစ်ကိုယ်လုံး အလှဆီတွေလိမ်းပေးပြီး ပေါင်ဒါမုန့်တွေ လူးပေးလိုက်တယ်။

“မလှုပ်နဲ့နော်… ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေးရပ်နေ”

အိမ်ရှင်ယောက်ျား အိပ်ခန်းထဲရောက်လို့ ပေါင်ဒါမုန့်တွေ ဖြူနေတဲ့ရုပ်တုကြီးနဲ့
ကြမ်းပြင်ပေါ်ပွနေတဲ့ အမှုန့်တွေကိုတွေ့တော့ ဘာလဲလို့မေးတယ်။ မိန်းမက
တည်ငြိမ်အေးဆေးတဲ့အသံနဲ့ “အော်… ရုပ်တုပါ။ မဦးတို့အိမ်မှာလည်း
တစ်ခုတွေ့ခဲ့လို့ ကျွန်မကြိုက်တာနဲ့ တစ်ခုဝယ်ခဲ့တယ်” လို့ဖြေတယ်။

အဲဒီလိုနဲ့ လင်မယားနှစ်ယောက် ရုပ်တုအကြောင်းကို ဆက်မပြောဘဲ အိပ်ရာဝင်ခဲ့ကြတယ်။ ညသန်းခေါင်ရောက်တော့ အိမ်ရှင်ယောက်ျားက
မီးဖိုထဲထသွားခဲ့တယ်။ မီးဖိုက ထွက်လာတော့ သူ့လက်ထဲမှာ ပေါင်မုန့်တချို့နဲ့
နွားနို့တစ်ခွက် ပါလာတယ်။ အိမ်ရှင်ယောက်ျားက ရုပ်တုရှေ့မှာရပ်ပြီး
“ရော့… အစာနည်းနည်းစားလိုက်အုန်း၊ ငါ့လိုမဖြစ်စေနဲ့… ငါတုန်းက
မဦးအိမ်မှာ အစာမစား ရေမသောက်ရဘဲ ၃ ရက် ၃ ည ရပ်ခဲ့ရတယ်”

Copy

By…

loverworld-myanmar.ning.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

  • Enter your email address to subscribe to this blog and receive notifications of new posts by email.

    Join 6 other followers

  • %d bloggers like this: