Video များကို Download

YouTube နှင့် အခြား Website များမှ

Video များကို Download

လုပ်နည်းပေါင်းမျိုးစုံ

ဒီဟာလေးကတော့ .. သူငယ်ချင်းတို့ အတွက်တော်တော့်ကို အဆင်ပြေစေမှာပါ…. Webiste တွေထဲမှာ
Youtube က video တွေကို ဒေါင်းလုပ်ဆွဲရတာ အခက်ဆုံးပါပဲ .. သူ့ အတွက် Software တွေ သုံးရတယ်.
ခက်တယ်.. ဒါပေမဲ့ ..အဲ့လောက်မလိုပဲ .. ဒီအဆင့်လောက်လေးတွေနဲ့ လွယ်လွယ်ကူကူ ဒေါင်းလို့ ဆွဲလို့ 
ရတယ်ဆိုတာသူငယ်ချင်း အားလုံးကို သိစေချင်လို့ ပါ .. စမ်းလုပ်ကြည့်လိုက်ကြပါဦးးး အဆင်ပြေမှာပါ..

YouTube Video ကို ဒေါင်းလုပ် လုပ်နည်းပေါင်းများစွာ ရှိပါတယ်. Software နဲ့ ရော Website တွေနဲ့ ရောနဲ့ ပါတစ်ခုချင်းစီကို ပြောပြသွားပါမယ်..
အရင်ဆုံး ပြောမှာက အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်.. အဲ့ဒါကတော့
www.convertyoutube.com ပါ

Image and video  hosting by TinyPic

ပုံမှာ ပြထားတဲ့ အတိုင်းလေး website ကပေါ်လာပါလိမ့်မယ် အဲ့ဒါဆို ကိုယ်ဒေါင်းလုပ် လုပ်ချင်တဲ့ Video
ရဲ့  URL ကို ကော်ပီကူးပြီးထည့်ပေးလိုက်ရုံပါပဲ တစ်ခြား အဲ့လို ဆိုဒ်တွေ အများကြီးရှိပါတယ် ဒါပေမဲ့
အဲ့ဆိုဒ်လောက် တစ်ခုမှ အဆင်ပြေတာမတွေ့ သေးလို့ ပါ ဘာလို့ အဆင်ပြေတာလဲဆိုတော့ URL ကိုထည့်ပြီး
Convert and Download ဆိုတာလေးကို နှိပ်လိုက်တာနဲ့  Processing Time ဘယ်လောက်မှ မကြာပဲနဲ့ 
Download ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.Download လုပ်လို့ ရလာတဲ့ file ဟာလည်း .mpg ပါ window mediaplayer နဲ့ တစ်ခါတည်း တန်းပြီးဖွင့်လို့ ရပါတယ်. အဲ့ဒါက အရမ်းကိုအဆင်ပြေပါတယ်..
ဒါပေမဲ့ တစ်ချို့ Video တွေကိုတော့ member တွေမှ Download ပေးလုပ်ပါတယ်. Member ၀င်ဖို့ ကတော့
US $ 1 ပေးရပါတယ်. ပြီးတော့ Video နှစ်ခု သုံးခုလောက် တစ်ခါတည်း ဒေါင်းလုပ်ဆက်တိုက်ဆွဲတဲ့အခါ မရတောပြန်ပါဘူး
Guest user: Please wait 24 minutes for your next download there are 8 members in front of you.
Please join now to avoid this delay
Join Now! အဲ့လိုမျိုး error ပေါ်တတ်ပါတယ်….
အဲ့ဒါကျတော့ အဆင်မပြေတော့ပြန်ဘူး အဲ့ဒါဆို နောက်တစ်နည်းပေါ့ဗျာ.
ဒါလေးကတော့ firefox ရဲ့ add-on လေးပါ သုံးရတာ အရမ်းလွယ်ပါတယ်.ဒီမှာ သွားယူလိုက်ပါ
ပြီးရင် ထုံးစံအတိုင်း install လုပ် mozilla restart ကျပြီးသွားရင် ဒီလိုလေး ပေါ်နေပါလိမ့်မယ်

Image and video  hosting by TinyPic

ကျွန်တော်က Video မဖွင့်ထားလို့ Download button လေးကမှိန်နေတာပါ တကယ်လို့ Video တစ်ခုခု ဖွင့်ထားမယ်
ဆိုရင်တော့ Download button လေးကို နှိပ်လိုက်တာနဲ့ တစ်ခါတည်း Download ဆွဲပေးသွားပါလိမ့်မယ်
ဘယ် Website က Video ကိုမဆို ဒေါင်းလုပ်ဆွဲပေးနိုင်ပါတယ်. ဒေါင်းလုပ်ဆွဲထားတဲ့ ဖိုင်တွေကိုပြန်ကြည့်ချင်ရင်တော့ ဘေးနားက explore ဆိုတာလေးကို နှိပ်လိုက်ပါ ဒေါင်းလုပ်လုပ်ထားတဲ့ folder
ထဲကိုရောက်သွားမှာဖြစ်ပါတယ် သူဒေါင်းလုပ်ဆွဲပေးမဲ့ ဖိုင် extension ကတော့ .flv ပါ အဲ့ဒါကတော့ window media player နဲ့ ဘယ်လိုမှ ဖွင့်လို့ မရတော့ပါဘူး တစ်ခြား media player တွေနဲ့ ပဲ ဖွင့်လို့ ရပါတယ်
အဲ့ဒါကျတော့ သိပ်အဆင်မပြေတော့ပြန်ဘူး ဒါပေမဲ့ မပူပါနဲ့ ဗျာ.

Image and video  hosting by TinyPic

ပုံမှာ ပြထားတဲ့အတိုင်းပဲ flv converter လေးတစ်ခုကို သုံးလိုက်မယ်ဗျာ. ကြည့်လိုက်ပါ ပြောင်းပေးနိုင်တဲ့
file type ကလည်း စုံသလားတော့မမေးနဲ့  window media player format ပြောင်းချင်ရင် WMV ဆိုတာလေးကို
နှိပ်လိုက်ပါ အဲ့ဒါဆိုရင် အဆင်ပြေစွာနဲ့ ဖွင့်လို့ ရသွားပါပြီ အဲ့ဒီ converter လေးက portable လေးပါ
ဘယ်လောက်တောင် အဆင်ပြေလိုက်သလဲ ..အဲ့ဒါလေးကိုတော့ဒီမှာသွားဒေါင်းလိုက်ကြပါဗျာ..
နောက်ဆုံးတစ်ခုကတော့ အားလုံးသိပြီးသား Real Player ပါ အဲ့ Software နဲ့ လည်းဒေါင်းလုပ်ဆွဲလို့ ရပါတယ်
အဲ့ဒါကိုတော့ software site တစ်ခုခုမှာ ရှာကြည့်လိုက်ကြဗျာ.😀 တကယ်လို့ Real Player ကို install လုပ်ထားမယ်ဆိုရင်တော့ .flv format video တွေကို ကြည့်လို့ ရမှာဖြစ်ပါတယ် ဒါပေမဲ့ အဲ့ကောင်ကနည်းနည်း
အလုပ်ရှုပ်လို့ ပါ
ကဲဗျာ. ကျွန်တော်လည်းမောသွားပြီ ဒီလောက်ဆို အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်
အဲ့ဒါက ကျွန်တော်ဒေါင်းလုပ်ဆွဲတဲ့ နည်းသက်သက်ပါ သူငယ်ချင်းတို့ ဒေါင်းလုပ်ဆွဲတဲ့ နည်းလမ်းလေးတွေကို
လည်း ပြန်လည်မျှဝေပေးပါဦး .ကျေးဇူးအများကြီးတင်ပါတယ် ဒီအထိ သည်းခံပြီးဖတ်ပေးတဲ့အတွက်
စာရှည်သွားရင်လည်းတောင်းပန်ပါတယ် အရမ်းတော်လို့ တတ်လို့ ဝင်ရေးခြင်းမဟုတ်ရပါဘူး.🙂
beginner အဆင့်ပါ အားလုံး အဆင်ပြေပြေနဲ့  ဒေါင်းလုပ်ဆွဲလိုရာ ကို ဆွဲနိုင်ကြပါစေ …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

  • Enter your email address to subscribe to this blog and receive notifications of new posts by email.

    Join 6 other followers

  • %d bloggers like this: