HOW TO CREAT YOUR OWN DOMAIN?

1

How To Create Your Own Domain?

ကျွန်တော်အခု ကိုယ်ပိုင် Domain တစ်ခုကို WordPress Account နဲ့ဘယ်လိုယူရမယ်ဆိုတာကို ရှင်းပြပေးပါ့မယ်…။ အရင်က Blogspot, WordPress စတာတွေမှာ အကောင့်လုပ်ပြီးသား လက်ရှိသုံးနေကြတဲ့သူများရော၊ အသစ် စလုပ်မယ့်သူများရော နှစ်မျိုးစလုံးအတွက် အသုံးပြုလို့ရပါတယ်…။

ကျွန်တော်အပိုင်း (၂) ပိုင်းခွဲပြီးတင်ပြပေးသွားပါမယ်…။

  1. အသစ်စလုပ်မည့်သူများအတွက်
  2. ကိုယ်ပိုင် Blogspot, WordPress ရှိပြီးသူများအတွက်

1. အသစ်စလုပ်မည့်သူများအတွက်

(၁) အရင်ဆုံး Register လုပ်ရပါမယ်။ Site ရဲ့ညာဘက်ထောင့် အပေါ်ဆုံးမှာရှိတဲ့ Get Your Free Domain Here ဆိုတဲ့ ပုံလေးကို Click လုပ်လိုက်ပါ…။ ဒါမှမဟုတ် Blog Role အောက်မှာရှိတဲ့ Sign Up ဆိုတဲ့နေရာကို Click လုပ်ရင်လဲရပါတယ်။

(၂) ပြီးရင် လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ပါ။ Username, Email Address နေရာတွေမှာ မိမိအသုံးပြုလိုသော Username နဲ့ Email address ကိုထည့်ပါ။

(၃) အဲ့ဒီ့နေရာမှာ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတာကိုရွေးပေးရပါမယ်..။ Blog လုပ်ချင်တယ်၊ ကိုယ်ပိုင် Site တစ်ခုလိုချင်တယ်ဆိုရင်တော့ Gimme a blog! ဆိုတာကိုရွေးပေးရပါ့မယ်..။ ဒါမှမဟုတ် Blog မလိုချင်ဘူး Register User အနေနဲ့ သီးသန့်ပဲ လုပ်ချင်တယ်ဆိုရင် တော့  Just a username, please. ကိုရွေးပေးရပါမယ်။ ပြီးရင် Next ပါ။

(၄) Blog လုပ်မယ့်သူများအတွက် ဆိုရင် နောက်တစ်ဆင့်ကို ထပ်ရောက်ပါလိ့မ်မယ်။ Blog Domain ဆိုတဲ့နေရာမှာ မိမိ Blog အတွက်ပေးချင်တဲ့ နာမည်ကို ထည့်ပါ။ အရင်ပေးခဲ့တဲ့ Username နဲ့ အခုပေးမယ့် Blog Domain Name တူစရာမလိုပါဘူး၊ မတူလဲ ရပါတယ်။ တူလဲရပါတယ်။ Blog Title ကတော့ ကိုယ်ပေးချင်တဲ့ ခေါင်းစီးတစ်ခုခုကိုပေးလိုက်ပါ…။ Privacy မှာ အခုလုပ်တဲ့ Blog ကို Search Engine တွေဖြစ်တဲ့ Yahoo, Google စတာတွေမှာပေါ်စေချင်လား မပေါ်စေချင်ဘူးလား ဆိုတာရွေးပေးရပါ့မယ်..။ ပေါ်စေချင်တာပေါ့ဗျာ ဟုတ်တယ်မလား? ) ပြီးရင်တော့ Sign Up ပါ။

(၅) အားလုံးပြီးစီးသလောက်ဖြစ်သွားပါပြီ..။ Email ကိုသွားပါ..။ Activation Link ကို Email ထဲပို့ပေးထားပါလိ့မ်မယ်…။ Activate လုပ်လိုက်ပါ..။ ဒါဆို သင် ကိုယ်ပိုင် Domain နဲ့ ဘလော့တစ်ခုကို ရရှိသွားပြီဖြစ်ပါတယ်…။

(၆) ကိုယ့် Blog ထဲကို Login ၀င်ချင်တယ်ဆိုရင် Browser Address Bar မှာ (yourdomain.mmgenius.com/wp-admin) ဆိုတာကို Browse လုပ်လိုက်ပါ..။ Username နဲ့ Password ထည့်ပြီးရင်တော့…။ ALL DONE )

(၇) အားလုံးပြီးစီးသွားပါပြီ..။ အထဲမှာ Themes တွေအမြောက်အများရှိပါတယ်..။ ကိုယ်ကြိုက်တာသုံးလို့ရပါတယ်..။ Theme တွေသုံးပုံ Plugin တွေသုံးပုံကို ကျွန်တော်နောက်ပိုင်းမှာ အကျယ်တ၀င့် ရှင်းပြပေးသွားပ့ါမယ်။

အခုဆက်လက်ပြီးတော့ ကိုယ်ပိုင် ဘလော့ရှိပြီးသားသူများအတွက် Blogspot, WordPress က ပို့စ်တွေကို ဘယ်လို Import လုပ်ရမယ်၊ လက်ရှိ Blogspot ကနေပြီးအခုလုပ်လိုက်တဲ့ Blog ကို ဘယ်လို Redirect လုပ်ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်…။

2. ကိုယ်ပိုင် Blogspot, WordPress ရှိပြီးသူများအတွက်

(၁) Login ၀င်ပြီးရင် Dashboard ကိုရောက်ပါလိ့မ်မယ်..။ Dashboard ရဲ့ ဘယ်ဘက်အပေါ်ထောင့် Write ရဲ့ ဘေးမှာ Manage ဆိုတာရှိပါတယ်..။ Mangae ကိုနှိပ်လိုက်ရင် အောက်မှာ Sub Navigational Bar ပေါ်လာပါမယ်..။ ညာဘက် အစွန်ဆုံး Export ရဲ့ ဘေးမှာ Import ဆိုတာရှိပါတယ်..။ Click လုပ်လိုက်ပါ။ (မိမိ Blog လုပ်ထားသော သို့မဟုတ် မိမိအလိုရှိသော Blog ရှိသည့်  Gmail Account အား Signin လုပ်ထားဖို့ မမေ့ပါနဲ့)

(၂) ထိပ်ဆုံးမှာ Blogspot ကနေ Post တွေ၊ Comment တွေပြောင်းရွှေ့ချင်သူများအတွက် ( Blogger Import posts, comments, and users from a Blogger blog.) ဆိုတာရှိပါတယ်..။ Click လုပ်လိုက်ပါ။

(၃) Authorize ကို Click လုပ်ပါ။

(၄) Grant Access ကို ပေးလိုက်ပါ။

(၅) အဲ့ဒီ့မှာ ကျွန်တော်တို့ လုပ်ထားတဲ့ Blog (သို့မဟုတ်) Blog တွေပေါ်လာပါလိမ့်မယ်…။ တစ်ခုထဲရှိသူများကတော့ လွယ်လွယ်ကူကူပဲ အဲီ့ဒ့ ဘေးမှာရှိတဲ့ Import ဆိုတာကို Click လုပ်လိုက်ရင် အားလုံးပြီးစီးသွားပါပြီ။ တစ်ခုနှင့် အထက်ရှိသူများကတော့ တစ်ခုပြီးတစ်ခု၊ မိမိ Import လုပ်ချင်တဲ့ Blog တွေကို Import လုပ်လိုက်ရုံပါပဲ…။ ဒါဆို  WordPress ဘက်မှာ အားလုံးပြီးစီးသွားပြီ ဖြစ်ပါတယ်..။ P.S- Username ပြောင်းလဲအသုံးပြုပုံများကို နောက်ပိုင်းမှာ ထပ်မံရှင်းပြပေးသွားပါမယ်….။

3. Redirecting From Blogspot To Your Own Domain

(၁) ကျွန်တော်တို့ရဲ့ Blogspot Account ထဲကို http://www.blogger.com မှတစ်ဆင့် Login ၀င်လိုက်ပါ။

(၂) Dashboard မှ Setting (Blog တစ်ခုနှင့်အထက်ရှိသူများ မိမိ Redirect လုပ်လိုသော Blog ကိုရွေးပါ) ။

(၃) Publishing ကို Click လုပ်ပါ။

(၄) Switch to : Custom Domain ကို Click လုပ်ပါ။

(၅) ကျွန်တော်တို့မှာ ကိုယ်ပိုင် Domain ရပြီးသားဖြစ်နေပြီ ဖြစ်တဲ့အတွက်…။ Already own a domain? မှာ Switch to advanced settings ကို Click လုပ်လိုက်ပါ။

(၆) Your Domain နေရာမှာ http:// နောက်က မိမိလုပ်ထားတဲ့  Domain Name ကို ရိုက်ထည့်လိုက်ပါ။ (yours.mmmgenius.com)

(၇) Word Verification ကိုဖြည့်ပါ ပြီးရင် Save Setting! အားလုံးပြီးသွားပါပြီ။

(၈) yourdomain.blogspot.com ကို Browser မှာ ရိုက်ထည့်ကြည့်လိုက်ပါ..။ ပထမဆုံးအကြိမ် Browse လုပ်သူများအတွက်တော့  “ယခင်ဘလော့ဟာ အခု လိပ်စာအသစ်ကို ပြောင်းရွှေ့သွားပါပြီ Redirect လုပ်ချင်ပါသလား” ဆိုတဲ့ မေးခွန်းပေါ်လာပါလိမ့်မယ်။ Yes လုပ်လိုက်တာနဲ့ အခု ကျွန်တော်တို့လုပ်ထားတဲ့ yours.mmgeniuscom ကို auto redirect လုပ်ပေးသွားတာကို တွေ့ရပါလိ့မယ်မယ်…။

P.S- အခက်အခဲများရှိပါက ကျွန်တော်တို့ Support Forum လုပ်ပေးထားပါတယ်။ http://www.mmgenius.com/support အဲ့ဒီ့နေရာမှာ သွားရောက် မေးမြန်းဖတ်ရှုနိုင်ပါတယ်..။ လောလောဆယ်မှာတော့ ကျွန်တော် Support ထဲမှာ ဘာပို့စ်မှ ထည့်မထားပေး ရသေးပါဘူး..။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ http://www.myanmargenius.com ရဲ့ WordPress သို့မဟုတ် Blogspot နေရာမှာလည်း လာရောက် မေးမြန်းဆွေးနွေးနိုင်ပါကြောင်း…။

( MMgenius blog မှကူးယူတင်ပြထားပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

  • Enter your email address to subscribe to this blog and receive notifications of new posts by email.

    Join 6 other followers

  • %d bloggers like this: