ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ

Jessica Cox

အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ
စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့်
ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox
ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့
ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ
တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။
သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့
လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း
Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။
အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ
ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ
လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့
ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ကွန်ပြူတာ သုံးပါတယ်

ဒီလို လိုင်နာဆွဲပါတယ်

ဒီလိုခေါင်းဖီးတယ်

စာရေးတော့ လည်းဒီလိုပဲ

ဒီလိုမျိုးကားလည်းမောင်းတတ်တယ်

လေယာဉ်လည်းမောင်းတတ်တာပဲ

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့
သေသွားမယ်..

သူများရေတာတွေချည်းပဲ ဖတ်နေရတော့ အားနာလာတယ်ဗျာ.အဲ…ကိုယ်ကိုတိုင်ကြတော့လည်း မရေးတတ်ဘူးလေ..ဒါနဲ့ပဲ အရင် ကျွန်တော် ရေခဲနန်းတော်မှာ တင်ခဲ့ဖူးတာလေးတွေ ပြန်တင်ရင်

ကောင်းမယ်လို့ စဉ်းစားမိတာနဲ့ တင်လိုက်တာပါ.ဖတ်ပြီးသားသူတွေကိုတော့ တောင်းပန်ပါတယ်..

နောက်လဲ ကျွန်တော်ကြိုက်တာလေးတွေ ဝေမျှခွင့်ပြုပါလို့…

သားဦးလေးနဲ့အတူအဆိုတော်ဟဲလေး


အဆိုတော် ဟဲလေးအတွက် ဇနီး မမြတ်သီရိလင်းက သားဦးလေး “We We” ကို ဇွန်လ (၁၅) ရက်နေ့က ရန်ကုန်၊ ပန်းလှိုင် ဆေးရုံမှာ မွေးဖွားပေးခဲ့ပါတယ်။ သားဦးလေး မွေးတဲ့နေ့မှာဘဲ မလေးရှား ပြည်ပဖျော်ဖြေပွဲ အတွက် လာငှားကြတာကြောင့် လာဘ်ကောင်းတဲ့ သားလေးလို့ ဟဲလေးက ဆိုပါတယ်။

မင်းသမီး မြစံပယ်ငုံ

ယဉ်ကျေးမှု အနုပညာနှင့် မင်းသမီး မြစံပယ်ငုံ

ကွန် ပြူ တာကို automatic timer နဲ့ဖွင့်ရန် နည်းလမ်း

အရင်ဆုံး Computer စတက်လာလာခြင်း Delete key ကို နှိပ်ပြီး BIOS ထဲ
ကိုဝင်လိုက်ပါ။
” Power Management setup” ကနေ ” Resume by RTC Alarm” ကိုဝင်ပြီး (Enable) ပြောင်းလိုက်ပါ။
( တချို့ BIOS တွေမှာ တော့ Weakup Event setup လို့ပါလိမ့်ပါမယ်။)

ပြီးရင် ” Date ( of month ) Alram” သို့ ရွှေ့ပြီး ( Everyday ) လို့
ပြောင်းလိုက်ပါ။ တချို့ BIOS တွေကတော့
( Everyday ပြောင်းလို့မရပါဘူး မိမိ ဖွင့်ချင်တဲ့ ရက်ကို ရိုက်ထည့်ပေးရပါတယ်။)

ပြီးရင် “Time (hh:mm:ss) Alram” သို့ရွှေ့ပြီး မိမိ ထားချင်တဲ့ (hour. minutes,
seconds) တွေကို ရိုက်ထည့်ပါ။

ပြီးရင် Save ပြီး BIOS ကနေထွက်လိုက်ပါ။ဒါဆို ရပါပြီ။

သက်ဆိုင်ရာ Power Cable တွေကိုတော့ Auto Join ပေးထားဖို့တော့ လိုလိမ့်မယ်နော်။

Computer မှာ Passwords တွေပေးထားရင်တော့ computer က passwords
ရိုက်ရမယ့်နေရာ ရောက်ရင်တော့ ရှေ့ဆက်မသွားပဲ ထိုနေရာမှာပဲ
ရပ်နေပါလိမ့်မယ်။
ကွန် ပြူ တာကို automatic timer နဲ့ဖွင့်တယ်ဆိုတော့ ရှင်း ကလည်း automatic shutdown timer code လေးအောက်မှ
ထည့်ပေးလိုက်တယ် ။အဖွင့်ရှိရင် အပိတ်လေးပါ တခါထည်းတွဲ ပြီး
ထည့်ပေးလိုက်တယ် cmd ကိုဖွင့်ပြီး ‘shutdown -s -t XXXX’
လို့ ရိုက်ပါ xxxx နေရမှာ computer ပိတ်ရန် မိမိ လိုခြင်တဲ့ အချိန် ကာလက
လေးကိုထည့်ပါ ။ ကွန်ပြူတာကို 20 minutes မှာမိတ်စေခြင်ရင် 1200 လို့
XXXXနေရမှာရိုက်လိုက်ပါ ။ အမှန် က ၂၀ မိနစ်ကို sec ဖွဲပြီး xxxx
နေရာမှာထည့်တာဖြစ်ပါတယ် ။သူက sec ပဲလက်ခံလို့ ပါ ။

အကယ်၍ shut down timer ကိုဖြုတ်ခြင်ရင် cmd ထည်းသွားပြီး shutdown -a လို့
ပြန်ရိုက်ထည့်လိုက်ပါ ။
အဲ့ setting ပြတ်သွားပါ မယ် ။

ကွန်ပျူတာဖန်သားပြင်ဆေးကြောချင်ပါသလား.

ကွန်ပျူတာဖန်သားပြင်တစ်ခုလုံးကို ဆေးကြောပြီးသားဖြစ်သွားချင်ပါား..ဒီနေရာလေးကိုကလစ်လိုက်နော်..ခနမျှစောင့်ကြည့်နေလိုက်ပါ..
ပြောင်မပြောင်ပြန်ပြောကြနော်

Foder တစ်ခုကို Password ပေးနည်း

1, Foder တစ်ခုကို Password ပေးတော့မယ်ဆိုရင် ပထမဦးဆုံး Password ပေးတော့မယ်ဆိုရင် Foder တစ်ခုကို Right Click နဲ့အရင်နှိပ်ပါ။
2, Add to archive ကိုတစ်ချက်နှိပ်ပါ။
3, Archive name and parameters ဆိုတဲ့ Box ကျလာပါလိမ့်မယ်။ အဲဒီဘောက်ထဲက Archive fomat ထဲက ZIP ကိုရွေးပါ။
4, ပြီရင် Advanced ထဲက Set Password ကိုတစ်ချက်နှိပ်ပါ။ Password ပေးဖို့
Box တစ်ခုကျလာလိမ့်မယ်။ ကိုယ်ပေးချင်တဲ့ Password ကိုပေးပြီး OK
ကိုနှိပ်လိုက်ပါ။

သူငယ်ချင်းတို့ရဲ့ DATA အချက်အလက်လေးတွေလုံခြုံသွားအောင် ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

ရုပ်ရှင် သရုပ်ဆောင် ၄ ဦး လူမှုရေး လုပ်ခွင့် ပိတ်ပင်ခံရ

kyaw_thuအပိတ်ပင်ခံရတဲ့ အနုပညာသည် တွေ

ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ ဦးဆောင် တဲ့ နာရေး ကူညီမှု အသင်း မှာ ကူညီ နေကြ တဲ့ ရုပ်ရှင် သရုပ်ဆောင် ၄ ဦးကို အကူအညီ သွားမပေးဖို့ ရုပ်ရှင် အစည်း အရုံး က ပိတ်ပင် လိုက်ပါတယ်။

ပိတ်ပင်ခံ ရတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ကတော့ ဟာသ သရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင်တွေ ဖြစ်တဲ့ ဂွမ်းပုံကြီး၊ သန်းသန်းစိုး နဲ့ ဆုရွှန်းလဲ့ တို့ ဖြစ်ပါ တယ်။

သူတို့က ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှု အသင်း အသင်းသားတွေ အတွက် ဖွင့်လှစ် တဲ့ သရုပ်ဆောင် သင်တန်းမှာ သွားရောက် သရုပ်ပြ ကူညီနေ ကြတာ ဖြစ်ပါ တယ်။

“ သူတို့ အနုပညာသမားတွေ ဒီကိုလာပြီး လုပ်အားပေးခွင့်ကို ရုပ်ရှင် အစည်းအရုံးက တားမြစ် တယ်၊ လုပ်အားပေးခွင့် မပြုတာ ဖြစ်တယ်” လို့ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ က ဘီဘီစီ ကို ပြောပြ ပါတယ်။

သူတို့ ရဲ့ နာရေး ကူညီမှု အသင်း ဟာ လူမှုရေး လုပ်တဲ့ အသင်း ဖြစ်ကြောင်း၊ လူမှုရေး လုပ်တာ ဟာ နိုင်ငံရေး လုပ်တာ မဟုတ်တဲ့ အကြောင်း တိုင်းပြည် ပုန်ကန်ဖို့ အတွက် လုပ်နေ တာ မဟုတ်ကြောင်း ၊ လူမှုရေး လုပ်တာ လူတိုင်း လုပ်ခွင့် ရှိကြောင်း၊ ရုပ်ရှင် အနု ပညာ သမားတွေ လူမှုရေး လုပ်ခွင့် ပိတ်ပင်တယ် ဆိုတာ တကယ်တော့ လူမှုရေး ခေါင်းပါး အောင် လုပ်တာ နဲ့ အတူတူပဲ ဖြစ်ကြောင်း ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူ က ဘီဘီစီ ကို ပြောပြ ပါတယ်။

မြန်မာနိုင်ငံ က အနုပညာသမားတွေ လူမှုရေး လုပ်ငန်းတွေ မှာ ပါဝင် ဆောင်ရွက်ရင် အာဏာပိုင် တွေ ရဲ့ အခုလို ပိတ်ပင် ခံရတာ တွေ ရှိ သလို အမြဲတစေ စောင့်ကြည့် တာ ကို လည်း ခံနေ ရ ပါတယ်။

  • Enter your email address to subscribe to this blog and receive notifications of new posts by email.

    Join 6 other followers

  • Follow

    Get every new post delivered to your Inbox.